Apex Petroleum Logo

ယာဉ်မတော်တဆ မှု အတွက် Apex Petroleum မှ အလျင် အမြန် ကူညီ

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီခွဲခန့် တွင် ပန်းတောင်း- တောင်ကုတ်လမ်း၏ ရခိုင်ရိုးမတောင်ပေါ် မိုင်တိုင် အမှတ် ၃၃ အနီးတွင် လူ ၂၅ ယောက်တင်ဆောင်လာသည့် တီအီး ကား တစ်စီး ချောက်ထဲသို့ထိုး ကျခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာသို့ အေးသုခ နာရေး ကူညီမှု အသင်း(ဥသျှစ်ပင်) ၊မေတ္တာရှင် နာရေး ကူညီမှု အသင်း (လဲရွာ)၊ ဥသျှစ်ပင် ကြက်ခြေနီအသင်း တို့၏ လူနာတင်ယာဉ် များဖြင့် အချိန်မီသွားရောက် ကယ်ဆယ် ပို့ဆောင်မှု ပြုလုပ်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်ကို ချက်ခြင်း ကူညီ ဆောင်ရွက်နိုင်ရန် အတွက် Apex Petroleum စက်သုံးဆီဆိုင်မှ အေးသုခမှ လူနာတင်ယာဉ်အတွက် ၁၀ ဂါလံ ကြက်ခြေနီမှ လူနာတင်ယာဉ်အတွက် ၁၀ ဂါလံ လဲရွာရွာမှ မေတ္တာရှင် လူနာတင်ယာဉ်အတွက် ၅ ဂါလံ ကို ကူညီ ပံပိုးလှူ ဒါန်းခဲ့သည်။ အဆိုပါ မတော်တဆမှုကြောင့် လေးနှစ်သား ကလေးငယ် တစ်ဦးနှင့် ယာဉ်မောင်း နှစ်ဦးသေဆုံးခဲ့ပြီး ကျန်လူများ ကျိုးပဲ့ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။