Apex Petroleum Logo

The Leadership Institute at Harvard College မှ စီစဉ်သည့် Youth Lead the Change Yangon 2015 အစီအစဉ်ကို Apex Petroleum မှ ကူညီ ပံ့ပိုး

harvard

Apex Petroleum Co.Ltd သည် the Leadership Institute at Harvard College မှ စီစဉ်ကျင်းပသည့် Youth Lead the Change Yangon 2015 အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် Gold Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့သည်။ Youth Lead the Change အစီအစဉ်သည် မြန်မာနိုင်ငံရှိ လူငယ် ကျောင်း သူ ကျောင်းသားများတွင် ခေါင်းဆောင်ကောင်း စိတ်ဓါတ်နှင့် လုပ်ဆောင်ချက်များ တိုးတက်လာစေရန်၊ အနာဂတ်တွင် သက်ဆိုင်ရာ ကဏ္ဍ အသီးသီး ၌ ခေါင်းဆောင် ဖြစ် လာမည့် လူငယ်များအကြားမှ စစ်မှန်သော ခေါင်းဆောင်ကောင်း များ ပေါ်ထွက်လာစေရန် ရည် ရွယ်ခြင်း ဖြစ် သည်။ အဆိုပါ အစီအစဉ်တွင် ခေါင်းဆောင်မှုပိုင်း ဆိုင်ရာ ပညာရပ်များကို မြန်မာ လူငယ်များ အချင်းချင်း ဆွေးနွေး ပြောဆိုနိုင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။ အခမ်းအနားကို Junction Square ရှိ ILBC ကျောင်းတွင် ဇန်န၀ါရီလ ၅ ရက်နေ့၌ စတင် ကျင်းပခဲ့သည်။ အခမ်းအနားကို YLC Yangon Program Director Ms.Tiffany Lazo Cedre က ဖွင့်လှစ် ပေးခဲ့ပြီး Leadership Institute at Harvard College မှ Vice President ဒေါ်ကြည်ဇာသန့်မှ Youth Lead the Change အစီအစဉ် အကြောင်း ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အစီအစဉ် ဖြစ်မြောက်ရန် ကူညီပံ့ပိုးပေးသည့် Htoo Foundation, Apex Petroleum, Air Bagan, YTC, Zar & Zar, Escape Gastro Bar ကုမ္ပဏီ များကို ဂုဏ်ပြု မှတ် တမ်း ပြန်လည် ပေးအပ်ခဲ့သည်။ အဆိုပါ Youth Lead the Change အစီအစဉ်သည် မြန်မာ နိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။