Apex Petroleum Logo

Apex Petroleum Co., Ltd မိသားစု၏ ၂၀၁၄ မိုးရာသီ အလွန် သစ်ပင် စိုက်ပွဲတော် လှော်ကားဥယျာဉ်တွင် ပြုလုပ်

plant

Apex Petroleum Co., Ltd မိသားစု၏ ၂၀၁၄ ခုနှစ် မိုးရာသီ အလွန် သစ်ပင် စိုက်ပွဲတော်ကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာ ဒုံမြို့နယ် ရှိ လှော်ကား ဥယျာဉ် တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။ Apex Petroleum မိသားစုများသည် ကျွန်းပင် ၁၅၀ ခန့်ကို လှော်ကားဥယျာဉ်၏ ကြားခံဇုန် (Buffer Zone) အတွင်း စိုက်ပျိး ခဲ့ကြခြင်းဖြစ်သည်။ Apex Petroleum မိသားစု သည် သဘာဝ ပတ်ဝန်းကျင် အတွက် အထောက် အပံ့ဖြစ်စေရန် တစ်တတ် တစ်အား ပါဝင်မှုအနေဖြင့် ယခုလိုဆောင် ရွက်ခဲ့ခြင်းဖြစ် သည်။ ၁၉၈၁ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့သော လှော်ကား ဥယျာဉ်ဝန်း တစ်ခု လုံးသည် ၁၅၄၀ ဧက ကျယ်ဝန်းသည်။ ယင်း အနက် ၈၁၈ ဧကမှာ သားရိုင်း တိရစ္ဆာန် ဥယျာဉ်ဖြစ်ပြီး ၆၂ ဧကမှာ တိရစ္ဆာန် ဥယျာဉ်ငယ် (Mini Zoo) ဖြစ်ကာ ကြားခံ ဇုန်မှာ ၆၆၀ ဧက ခန့် အကျယ်အဝန်းရှိကြောင်း သိရသည်။ Apex Petroleum မိသားစုများ သည် အောက်တိုဘာ ၁၉ ရက် နံနက် ၇း၃၀ နာရီတွင် လှော်ကား ဥယျာဉ်သို့ သွားရောက်ခဲ့ပြီး သစ်ပင် များစိုက် ပျိုး ရေလောင်း ခဲ့ပြီးနောက် လှော်ကားဥယျာဉ်အတွင်း ဝင်ရောက် လေ့လာခဲ့ကြသည်။