Apex Petroleum Logo

Apex Petroleum ၏ Managing Director ဦးပြည့်ဖြိုးတေဇ ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်သီသော ရေဘေးသင့်ကျေးရွာများအထိ သွားရောက် လှူဒါန်း (စစ်တွေ၊သြဂုတ်လ (၅)ရက်)

upload

Apex Petroleum ၏ Managing Director ဦးပြည့်ဖြိုးတေဇနှင့် ရေဘေးကယ်ဆယ်ရေးအဖွဲ့သည် သြဂုတ်လ (၅)ရက်၊ နံနက် (၉)နာရီတွင် ရေဘေး ထောက်ပံ့ရေးပစ္စည်းများနှင့် အတူ စင်းလုံးငှား လေယာဉ်ဖြင့် စစ်တွေ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ Apex Petroleum Co., Ltd သည် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းကို ထူးဖောင်ဒေးရှင်း နှင့် ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ် သို့ရောက်ရှိခဲ့ပြီးနောက် စစ်တွေ လေဆိပ်မှာပင် ရေဘေး သင့်ပြည်သူ များအတွက် ရည်ရွယ်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဆန်အိတ်(၂၀) လှူဒါန်း ခဲ့သည်။
ထို့နောက် စစ်တွေမြို့မှနေ၍ ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ထားသည့် ကား(၅)စီး နှင့်အတူ ကျောက်တော်မြို့နယ် သို့ ဆက်လက် ထွက်ခွာ ခဲ့ကြသည်။ ရေဘေးသင့် ဒုက္ခသည် မိသားစု (၁၀၀၀) ခန့် ရှိသော ကျောက်တော် မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရေဘေး ဒုက္ခသည် စခန်း၌ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ဆန် (၁၀၀)အိတ်၊ငါးသေတ္တာ (၄)ဖာ၊ ခေါက်ဆွဲ (၁)ဖာ၊ မုန်မျိုးစုံ (၁)ဖာ၊ မုန့်ခြောက် (၁)ဖာ၊ လက်ဖက်(၁)ဖာ၊ ဘီစကွတ် (၁)ဖာနှင့် တိုင်းရင်းဆေးဝါး ဒါဇင် (၂၀)တို့ကို လှူဒါန်းခဲ့ပါသည်။ ကျောက်တော် မြို့တွင် ရေပြန်ကျလျှက်ရှိနေပြီး ရေဒဏ်ကြောင့် ပျက်စီးမှုများရှိနေပါသည်။
လှူဒါန်းမှုများအပြီးတွင် ကျောက်တော်မြို့မှတစ်ဆင့် မြောက်ဦးမြို့၊ ရွှေတောင်ရွာသစ်သို့ ထူးဖောင်ဒေးရှင်း၏ ရေဘေး ကယ်ဆယ် ရေးအဖွဲ့ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။ ထို့နောက် ရွှေတောင်ရွာသစ် ရေဘေး ဒုက္ခ သည်စခန်းတွင် ဆန်အိတ်(၆၀)၊ ငါးသေတ္တာ (၆)ဖာ၊ ဘီစကွတ် (၁)ဖာ၊ လက်ဖက် (၂)ဖာ၊ ဝေဖာ(၁) ဖာ၊မုန့်မျိုးစုံ (၁)ဖာ၊ အ၀တ် (၂) ထုပ်၊ စောင် (၁)ထုပ်နှင့် တိုင်းရင်းဆေးဝါးဒါဇင် (၂၀)ကို လှူဒါန်းခဲ့ပါသည်။ ရွှေတောင်ရွာသစ်တွင် စုစုပေါင်း အိမ်ခြေ (၁၂၀)ကျော်ရှိပြီး အိမ် (၂၀)မှာ(၃၀)အကြား ရေဒဏ်ကြောင့် ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။ ရွှေတောင်ရွာမှာ ရွာခံတစ်ဦးက Apex Petroleum နှင့် ထူးဖောင်ဒေးရှင်းအား လှူဒါန်းမှုနှင့်ပတ်သက်၍ ယခုလို ပြောကြားခဲ့ပါသည်။ “ ထူးဖောင်ဒေးရှင်း မရောက်ခင်မှာ ရွာကို ဘယ် ပရဟိတအဖွဲ့မှာမရောက်ဖြစ်ကြ သေးပါဖူး၊ ပထမ အစိုးရလှူတဲ့ ဆန်နဲ့စားစရာတချို့တော့ ရထားပါတယ်။ ဒါပေမဲ့ သိပ်မလုံလောက်ပါဘူး၊ အခုလို ထူးဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌကိုယ်တိုင် လာလှူတဲ့အတွက် ၀မ်းသာရပါတယ်” ဟု ပြောခဲ့ပါသည်။

Apex Petroleum နှင့် ထူးဖောင် ဒေးရှင်း ရေဘေး ကူညီရေး အဖွဲ့ဝင်များသည် ရွှေတောင်ရွာမှ တဆင့် ရှစ်သောင်း ပုထိုးတော်ကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ရှစ်သောင်း ပုထိုးတော်ကြီးရှိ မြောက်ဦး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ထားသော ရေဘေးကယ် ဆယ်ရေးစခန်းတွင် ဆန် အိတ် (၁၀၀) လှူဒါန်းခဲ့ ပါသည်။ ထို့နောက် Apex Petroleum နှင့် ထူးဖောင် ဒေးရှင်း အဖွဲ့ဝင်များသည် ဘုရားအုပ်ကျေးရွာ သို့ ဆက်လက် ထွက်ခွာခဲ့ကြ၏။
ဘုရား အုပ်ကျေးရွာ ရေဘေးသင့် ပြည်သူများ အတွက်ဆန် (၆၀)အိတ်၊ ငါးသေတ္တာ (၆)ဖာ၊ ဘီစကွတ်(၂)ဖာ၊ ဓါတ်မီး(၁)ဖာ၊ စားစရာ (၂)ဖာ၊ လက်ဖက် (၂)ဖာ၊ ထောပတ်မုန့်ကြွတ် (၂)ဖာ၊ ပူတင်းပေါင်မုန့် (၂)ဖာ၊ အ၀တ်(၂)ထုပ်၊စောင် (၁)ထုပ်နှင့် တိုင်းရင်းဆေး ဒါဇင် (၂၀)တို့ကို လှူဒါန်းခဲ့ပါသည်။ ရေးဘေးဒုက္ခသည်ပြည်သူများအတွက် လှူဒါန်းမှုအား သရက်အုပ် ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်နှင့် ရွာခံရပ်မိရပ်ဖများမှ လက်ခံပေးခဲ့ပါသည်။ လှူဒါန်းမှုအတွက် ကျေးဇူး တင်ရှိကြောင်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
ထို့နောက် Apex Petroleum နှင့် ထူးဖောင် ဒေးရှင်း သည် မြောက်ဦးမြို့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံးသုံးဆေးပစ္စည်း (၆)ဖာကို လှူဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးမှ လက်ခံခဲ့ပါသည်။ ထိုအပြင် ဆေးရုံအုပ်ကြီးက ဆေးရုံတွင် လိုအပ်နေသည်များကို တင်ပြခဲ့ရာ သြဂုတ်လ(၆)ရက်တွင် ထူးဖောင်ဒေးရှင်းအနေဖြင့် လိုအပ် နေသည်များကို ထပ်မံလှူဒါန်းမည်ဖြစ်ပါသည်။ ထို့နောက် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။
သြဂုတ်လ (၆)ရက်နေ့ နံနက်တွင် အဲပုဂံ လေယာဉ် စင်းလုံးပြည့် တင်ဆောင် လာသော ထူးဖောင်ဒေးရှင်း ထောက်ပံ့ ကူညီရေး ပစ္စည်းများ စစ်တွေလေဆိပ်သို့ ထပ်မံရောက်ရှိခဲ့ သည်။