Apex Petroleum Logo

ရေဘေး ဒုက္ခသည် ပြည်သူများ အတွက် ငွေကျပ် သိန်း ၅၀၀ ကျော် လှူဒါန်းသွားမည်

APEX Petroleum Co.,Ltd နှင့် ၀န်ထမ်း မိသားစုသည် မြန်မာနိုင်ငံတွင် ကျရောက်လျက် ရှိသော ရေဘေး ဒုက္ခသည် ပြည်သူများ အတွက် ငွေကျပ် သိန်း ၅၀၀ ကျော် လှူဒါန်းသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျရောက်လျက် ရှိသော ရေဘေး ဒုက္ခသည် ပြည်သူများ အတွက် ကျပ် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး ပစ္စည်းများ၊ အသုံးအဆောင်များ ကို ထူးဖေါင်ဒေးရှင်း၏ ရေးဘေး ကယ်ဆယ် ရေး အဖွဲ့ သို့ လှူဒါန်းသွား မည် ဖြစ်သည်။ APEX Petroleum Co., Ltd မှ ၀န်ထမ်းများ အနေဖြင့် မြန်မာ နိုင်ငံ တစ်ဝှမ်း ဖြစ်ပေါ်လျက် ရှိသော ရေဘေးအတွက် ကယ်ဆယ်ရေး ငန်းများတွင် ပါဝင် လုပ်ဆောင်နိုင်ရန် အဆင်သင့် အနေထား ပြင်ဆင်ထားပြီး အရေးပေါ်နေရာ များသို့ အလျင် အမြန် သွားရောက် ကယ်ဆယ် စီစဉ် လျက်ရှိသည်။