Apex Petroleum Logo

ISO 9001: 2008 Quality Management System အသိအမှတ်ပြု လက်မှတ်ရရှိ

ISO

Bureau Veritas Certification Holding SAS UK Branch သည် အရည်အသွေးမြင့် စက်သုံးဆီများကို ပြည်ပမှ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်၍ နိုင်ငံတကာ စံချိန် စံညွန်း ပြည်စုံမှု ရှိသဖြင့် ISO 9001: 2008 Quality Management System အသိအမှတ်ပြု လက်မှတ်ကို Apex Petroleum Co.ltd သို့ပေး အပ် ခဲ့သည်။ အဆိုပါ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ တွင် ကန်တော်ကြီး ပဲလေ့စ် ဟို တယ် ၌ ကျင်းပပြုလုပ်ခဲ့ပြီး Apex Petroleum Co., Ltd ၏ Managing Director ဦးပြည့်ဖြိုးတေဇနှင့် ၀န်ထမ်းများ တက်ရောက် ခဲ့ကြသည်။ ထို့နောက် ဦးပြည့်ဖြိုးတေဇက Apex Petroleum အနေဖြင့် customer satisfaction ကို ပိုမို မြင့်တင်နိုင်ရန် အတွက် ၀န်ထမ်းအားလုံး တစ်ညီ တစ်ညွတ် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ ဓါတ်ဆီ ဆိုင်များ ကို နိုင်ငံတကာ စံနှုန်း ၀င်အောင် ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ လက်ရှိ ရရှိထားသည့် Quality ကို အစဉ်တစိုက် ထိန်းသိမ်းသွား ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။