Apex Petroleum Logo

Apex Petroleum ၏ Customer Service Management Certificate ပေးအပ်ပွဲ ကျင်းပ

article

Apex Petroleum Co.,Ltd အနေဖြင့် YCTC Business Institute သင်တန်းကျောင်းနှင့် ချိတ်ဆက်ပြီး Customer Service Management Certificate ပေးအပ်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် တွင် Apex Petroleum ရုံးချုပ် တွင် ကျင်းပပြုလုပ်ခဲ့ရာ Quality Management Executive (QMR) ဦးသိန်းဟန်သူက တက်ရောက်သော ၀န်ထမ်းများအား ပေးအပ်ခဲ့သည်။

Apex Petroleum Co., Ltd အနေဖြင့် ရန်ကုန်မြို့ ရှိ ဆီဆိုင်များ တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ၀န်ထမ်းများ အနေဖြင့် ၀ယ်ယူသူများကို ကောင်းမွန် ပြေပြစ်သော ၀န်ဆောင်မှု ပေးနိုင်ရန် အတွက် Customer Service Management Program သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းကို Apex Petroleum ၏ အလုံ စက်သုံးဆီ ဆိုင်နှင့် မြောက်ဒဂုံ စက်သုံးဆီ ဆိုင်ရှိ ၀န်ထမ်း ၃၅ ဦး တက်ရောက်အောင်မြင် ခဲ့ကြသည်။