Apex Petroleum Logo

Apex Petroleum မြောက်ဒဂုံ စက်သုံး ဆီဆိုင် တွင် ၀န်ဆောင်မှု ဆိုင်ရာ စီမံ ခန့်ခွဲမှု သင်တန်း ဖွင့်လှစ် ပို့ချ

petro

Apex Petroleum Co., Ltd အနေဖြင့် ရန်ကုန်မြို့ ရှိ ဆီဆိုင်များ တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ၀န်ထမ်းများ အနေဖြင့် ၀ယ်ယူသူများကို ကောင်းမွန် ပြေပြစ်သော ၀န်ဆောင်မှု ပေးနိုင်ရန် အတွက် ၀န်ဆောင်မှု ဆိုင်ရာ စီမံ ခန့်ခွဲမှု သင်တန်းကို ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။

အဆိုပါ ၀န်ဆောင်မှု ဆိုင်ရာ စီမံ ခန့်ခွဲမှု သင်တန်းကို စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ Apex Petroleum မြောက် ဒဂုံ စက်သုံး ဆီဆိုင်တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ၀န်ထမ်း ၁၅ ဦးတက်ရောက် ခဲ့ကြသည်။

Customer Service Management Program သင်တန်းကို YCTC Business Institute မှ ဆရာ ဦးဝင်းမင်းသိန်းက သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့မှာ ၃ နေ့ အထိ Apex Petroleum မြောက်ဒဂုံ စက်သုံး ဆီဆိုင် တွင် ဖွင့်လှစ်မည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်း ၌ လည်း အလုံ စက်သုံးဆီဆိုင်တွင် ၀န်ဆောင်မှု ဆိုင်ရာ စီမံ ခန့်ခွဲမှု သင်တန်း ကို ဖွင့်လှစ်ပို့ချခဲ့သည်။